ကျွန်မနှင့်ဘ၀ဖတ်စာ
အတိမ်အနက် နားမလည်တဲ့ သူတွေကို
ကျင်းနက်ကြီးထဲ ပစ်ချလိုက်….
ကျားနဲ့တူတဲ့ လူတွေကတော့
နွားကွဲမယ့်ရက်ကို ပြက္ခဒိန်ကြည့်ကြတယ်။
တောင်းပန်မှကျေနပ်တဲ့ လူတွေကိုလည်း တောင်းပန်ခဲ့
မြို့ပြမှာ လရောင်မြင်ရဖို့ ခက်တယ်။
ဘ၀က မီးခဲတစ်တုံးပဲ…ဖေဖေ
ငြိမ်းမသွားသေးဘူး
သမီးရဲ့ လက်ဖ၀ါးပေါ်မှာ တရှဲရှဲတောက်လောင်ဆဲပေါ့။ ။