မိုးစက်တေးသီးချင်း
မိုးသည်းသည်းသည်းလမ်းမပေါ်ကို စိတ်လွတ်ကိုယ်လွတ်
ငါလျှောက်လာခဲ့တယ်
ငါက မိုးစက်တွေဆို သိပ်ချစ်တာပေါ့
ငါတို့ခန္ဓာကိုယ်ပေါ်က သံသရာဟာ ပူလောင်လွန်းတယ်မဟုတ်လား
အရေးကြီးတဲ့ ဘ၀မှာ အရေးမကြီးတဲ့ ကြော်ငြာတွေ ဖြတ်ဖြတ်ဝင်ခဲ့ပေါင်း များနေပြီ
လောကရဲ့ အညစ်အကြေးအားလုံး
သန့်စင်မိုးစက်တွေနဲ့ ဆေးကြောပစ်ဖို့ အထူးလိုအပ်တယ်
သာယာတဲ့ တေးသီးချင်းတစ်ပုဒ်ဟာ
ဘယ်တော့မှမသေဆုံးဘူးဆိုရင်
အဲ့ဒီတေးသီးချင်းဟာ ငါ့ခေါင်းပေါ်က မိုးစက်တွေပဲကွယ့်။ ။
(မိုးရွာသောနေ့တစ်နေ့ သတိတရ)